ဖိဖိကျွန်းသည် ၎င်း၏ထူးခြားသောအလှကြောင့် လူသိများပြီး ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည်များတို့ရဲ့ စွဲမက်ဖွယ်ကောင်းသော လည်ပတ်စရာနေရာတစ်ခုဖြစ်သည်။ 
Phuket မှ Speedboat ဖြင့် သွားလျှင် ၄၅-၆၀ မိနစ်ဝန်းကျင်သာစီးရပြီး ပြီးပြည့်စုံသောနေ့ခရီးစဉ် ကို မိတ်ဆွေတို့ ပိုင်ဆိုင်သွားရမှာအမှန်ပါပဲ။ ကျွန်းပတ်ပတ်လည်တွင် ရွက်လွှင့်ရင်း မေ့မရသော တစ်နေ့တာ အတွေ့အကြုံများတွေနဲ့  ကုန်ဆုံးသွားစေမယ် မှာဖြစ်ပါ တယ်။ ကျွန်းတွင် အပူပိုင်းဇုံ ရောင်စုံငါးများနှင့် အခြားအဏ္ဏဝါသတ္တဝါများတို့နှင့် အတူ ပင်လယ်ရေအောက်ရှိ သဘာဝအလှတရားများကို   Snorkeling လုပ်ခြင်းဖြင့် မျက်မြင် ကိုယ်တွေ့  ခံစားရင်း အဖြူရောင် သဲသောင်ပြင်ပေါ်တွင် ရင်သပ်ရှုမောဖွယ်အပန်းဖြေရမှာဖြစ် ပါတယ်။